Oct
26

ဖက်ရှည်ကွန်ပျူတာ သင်တန်း

ဖက်ရှည်ကွန်ပျူတာ သင်တန်း

ကြည့်ရှုမှုအကြိမ်ရေ 347

Oct
26

အမှတ်တရဓာတ်ပုံများ (၁)

ဆရာစံလင်းနှင့် သူ၏ တပည့်များ

 

ဒုတိယတန်း ကျောင်းသားကျောင်းသူများ

 

ပဉ္စမတန်း ကျောင်းသား / ကျောင်းသူများ

သတ္တမတန်းကျောင်းသား / ကျောင်းသူနှင့် ဆရာမ

 

 

ကြည့်ရှုမှုအကြိမ်ရေ 152

Oct
24

စတုတ္ထတန်း

စတုတ္ထတန်းကျောင်းသား / ကျောင်းသူများနှင့် ဆရာမပုံပါ

ကြည့်ရှုမှုအကြိမ်ရေ 196

Oct
24

နေ့စဉ်

ဒါကတော့ နေစဉ်နေ့တိုင်း ကျောင်းဆရာမများ ကျောင်းတက်ရောက်မှု ရှိ / မရှိ ကျောင်းထိုင်ဆရာတော်ရဲ့ ရှေ့မှောက်မှာ လက်မှတ်ထိုးရတဲ့ အချိန်ပါ။ ကျောင်းတက်ချိန်မှာလည်း လက်မှတ်ထိုးရသလို ကျောင်းဆင်းချိန်မှာလည်း လက်မှတ်ထိုးရပါတယ်။ နားနေချိန်ကိုလည်း ဆရာတော်ရဲ့ ကျောင်းဆောင်ဘေးက တဲလေးထဲမှာပဲ နားနေစေပါတယ်။

ကြည့်ရှုမှုအကြိမ်ရေ 172

Oct
24

MEEP ပညာရေးသင်တန်း အမှတ်တရ ဓာတ်ပုံများ

သင်တန်းပို့ချသည့် အဖွဲ့အစည်းက MEEP (Monastic Education Enhancement Program) က ဖြစ်ပါတယ်။ သင်တန်း ပို့ချခဲ့တာက 4.7.2011 ရက်နေ့က ဖြစ်ပါတယ်။ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် ပိုစ့်များကို Up to date ဖြစ်အောင် မလုပ်နိုင်သေးပါဘူး။ သင်တန်းပြီးဆုံးသွားတဲ့ ရက်က 14.7.2011 ရက်နေ့ ဖြစ်ပါတယ်။ သင်တန်းပို့ချသူကတော့ မန္တလေးမြို့၊ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာမ ဒေါ်သန္တာလှိုင်၊ ဒေါ်ဆွေဇင်မြင့်၊ ဦးထွန်းမင်းဇော၊ ဦးသိန်းထွန်း၊ ဒေါ်ဇင်မာအောင်၊ ဒေါ်သန္တာအောင်၊ ဒေါ်ခင်စန္ဒာဝင်းတို့ ဖြစ်ပါတယ်။ တက်ရောက်ခဲ့သူ သင်တန်းသားများကတော့ သပိတ်ကျင်းမြို့နယ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအနက်မှ (၈) ကျောင်း ရှိ ဆရာမများ (၂၀) ဦးတို့ ဖြစ်ပါတယ်။

သင်တန်းမှ ပို့ချသော သင်ကြားနည်းပုံစံဖြင့် သင်ကြားပေးနေပုံ Read the rest of this entry »

ကြည့်ရှုမှုအကြိမ်ရေ 212

Aug
01

ရပ်တန့်သွားသော ထောက်ပံ့မှုတို့ရယ်ကြောင့် အခက်အခဲဖြစ်ပေါ်လျှက်ရှိ

၂၀၀၈ ခုနှစ်မှစ၍ ၂၀၁၁ ခုနှစ်အထိ ငါးနှစ်တာ ကာလအတွင်း ယူနီဆက်မှ စီမံချက်ဖြင့် သူငယ်တန်းတက်မည့် ကလေးငယ်များကို ကျောင်းသုံးပစ္စည်း အပြည့်အစုံ ထောက်ပံ့ခဲ့ပါသည်။ ထောက်ပံ့ပုံမှာ သူငယ်တန်းတက်မည့် ကလေးငယ်များအား ကျောင်းစိမ်းဝတ်စုံ တစ်စုံ၊ ကျောပိုးအိတ် တစ်လုံး၊ လေးကြောင်းမျဉ်းစာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ စသည်များ လှူဒါန်းပေးသည်။ ထို့နောက် ပထမတန်းမှ စတုတ္ထတန်းအထိကို ဗလာစာအုပ်များကိုလည်း အပြည့်အစုံ လှူဒါန်းသည်။ သို့သော် ထိုကဲ့သို့ ထောက်ပံ့မှုမှာ ယခု ပညာသင်နှစ်တွင် ရပ်ဆိုင်းသွားပြီ ဖြစ်ရာ သပိတ်ကျင်းမြို့နယ်၊ အုန်းဇုန်းအုပ်စုရှိ ဘကကျောင်းများအားလုံးနှင့်အတူ ဖက်ရှည်ကျောင်းလည်း များစွာ အခက်အခဲဖြစ်လျှက်ရှိရာ ယူနီဆက်နဲ့အတူ ဘ/ကများကို ထောက်ပံ့လေ့ရှိသော NGO များထံသို့ အကူအညီ တောင်းခံထားသည်။ သို့ဖြစ်ပါသောကြောင့် များစွာသော အွန်လိုင်း Donation အဖွဲ့အစည်းများမှ လာရောက် စုံစမ်းလှူဒါန်းလိုပါက လှူဒါန်းနိုင်ကြောင်း ဖိတ်ကြားအပ်ပါသည်။

 

အကယ်၍ ဆက်သွယ်လှူဒါန်းလိုပါက -
- ဦးဣန္ဒက
- ဖက်ရှည်ကျောင်းအုပ်ဆရာတော်
- ဖုန်းနံပါတ်  ၀၉-၆၈၀၆၈၆၁
- ဖုန်းနံပါတ်  ၀၉-၆၅၀၂၅၄၀

ကြည့်ရှုမှုအကြိမ်ရေ 408

Jul
10

သပိတ်ကျင်းမြို့နယ်လုံးဆိုင်ရာ ဘ/ကအစည်းအဝေးကြီး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အုန်းဇုန်းအုပ်စု၊ ဖက်ရှည်ကျေးရွာ၌ ၂၀၁၁ ခုနှစ်၊ ဇွန်လ၊ ၂၃ ရက်၊ ကြာသပတေးနေ့၊ နေ့လည် (၁း၀၀) နာရီတွင် ကျောင်းထိုင်ဘုန်းကြီးကြီးကြပ်ရေးမှူးအဖွဲ့မှ ၂၀၁၁/၂၀၁၂ ပညာသင်နှစ်အတွက် ကျောင်းထိုင်ဘုန်းတော်ကြီးသင် ပညာရေးစနစ်များနှင့် ပတ်သက်၍ အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။ တက်ရောက်ခဲ့သူများမှာ ၎င်းနယ်တွင်ရှိသော ကျောင်းထိုင် ၁၅ ကျောင်း၏ ဥက္ကဋ္ဌဆရာတော် ဖြစ်သော ဖက်ရှည်ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တဣန္ဒက၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအုပ်ဆရာတော် (၁၄) ပါး၊ သပိတ်ကျင်းမြို့နယ် သာသနာရေးမှူး ဦးထွန်းထွန်း၊ ပညာရေးမှူ ဦးစန်းမြင့်နှင့် လက်ထောက်ပညာရေးမှူ ဦးမောင်မြင့်တို့ အပြင် ကျောင်းကော်မတီများ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ပြဋ္ဌာန်းတော့မည် ဖြစ်သည့် CCA ပညာသင်ကြားရေးစနစ်ဖြင့် သင်ကြားပေးရန်၊ ဘုန်းတော်ကြီးသင် ပညာရေးစနစ် ဖြစ်သည်နှင့်အညီ ဘာသာရေးစာပေများကို ထည့်သွင်းသင်ကြားရန်၊ ကျောင်းသား/ကျောင်းသူတို့၏ (က)စာရင်း (ခ) စာရင်းကို သေချာပြုစုကြရန်၊ အထက်က ညွန်ကြားလာသည့် ညွှန်ကြားချက်များကို မဖြစ်မနေလိုက်နာရန်၊ အထက်က သင်ကြားပေးသော သင်တန်းများကို မပျက်မကွက် တက်ရောက်ကြရန် အကြောင်းများကို ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် မြို့နယ်သာသနာရေးမှူးမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်လက်ထောက် ပညာရေးမှူးတို့မှ ပညာရေးဆိုင်ရာ၌ လိုအပ်သည်များကို မိန့်ကြားပေးရန်လျှောက်ထားခဲ့သည်။
ဆရာတော် ဘဒ္ဒန္တဣန္ဒက
Read the rest of this entry »

ကြည့်ရှုမှုအကြိမ်ရေ 371

Jun
19

ပညာရည်ချွန် ဆုချီးမြှင့်ခြင်း

ဆုချီးမြှင့်နေပုံ
Read the rest of this entry »

ကြည့်ရှုမှုအကြိမ်ရေ 284

Aug
01

စေတီတော် တည်ထားကိုးကွယ်ခြင်း

Read the rest of this entry »

ကြည့်ရှုမှုအကြိမ်ရေ 432

Jul
20

စာသင်ချိန်များ

တည်နေရာက ရှမ်းတောင်တန်း အတွင်းပိုင်း မကျတကျ တစ်ခါက သစ်တော ကားကြီးများသာ သွားခဲ့တဲ့ နေရာ နောက် သစ်တောကြိုးဝိုင်းမှာ ဖြစ်လို့ တောတွင်းကျကျနေရာ ဖြစ်ပြီး ပတ်ဝန်းကျင်က မြန်ပြည်နယ်အရပ်ရပ်မှ ၁၉၈၈ နောက်ပိုင်း ရောက်လာကြတဲ့ ရွှေရှာသူ အလုပ်သမား ယောကျာ်း မိန်းမများ နေထိုင်တဲ့ လူမျိုးစုံ ဘာသာစုံ စရိုက်စုံနေတဲ့ ၀န်းကျင်မျိုးမှာ ကျောင်းသားတွေကို တစ်ပုံတည်း စာသင်ပြနိုင်ဖို့ တစ်ချိန်တည်း စာသင်ပြနိုင်ဖို့ ဘာသာစကား တစ်ခုတည်း စာသင်ပြနိုင်ဖို့ကို တော်တော်ကြိုးစား ယူရပါတယ်။

မြေပြန့်က ကျောင်းတွေမှာလို အချိန်ကို သတ်မှတ်လို့ မရဘဲ ဒေသအလိုက် သတ်မှတ် ရပါတယ်။ မနက် ရှစ်နာရီခွဲရင် ကျောင်းတက်ပါပြီ။ နေ့လည် ၁၀ နာရီခွဲဆိုရင် မုန့်စားဆင်းအစား နေ့လည်စာ မနက်စာ ပေါင်းစားဆင်းပါတယ်။ ပြီးရင် ၁၁း၀၀ မှာ ကျောင်းပြန်တတ်က်ပါတယ်။ စာတွေကို တောက်လျှောက် သင်ပါတယ်။

ခွင့်မဲ့ ကျောင်းသား ရှိမရှိ ဆရာတော်ကိုယ်တိုင် နှစ်ရက်ခြားတစ်ခါ သုံးရက်ခြားတစ်ခါ ၊ သို့မဟုတ် ရက်တိုင်း ၀င်စစ်ပါတယ်။ ဆရာ နှင့် ဆရာမတွေ စာသင်ပြမှုမှာ စေတနာ ပါမပါကိုလည်း ဆရာတော်က ကိုယ်တိုင်ကိုယ်ကျ လိုက်စစ်လေ့ရှိပါတယ်။ ဆရာ ဆရာမတွေကလည်း ကျောင်းကို တစ်ရက်မှ မပျက်ကွက်ရပါဘူး။ နေ့စဉ် နေ့တိုင်း ဆရာမတွေ အားလုံး ဆရာတော်ရှေ့မှာပဲ လက်မှတ်လာထိုးရပါတယ်။ ပျက်ကွက်ကျောင်းသား၊ ခွင့်မဲ့ကျောင်းသားရှိလျှင် တစ်ခါတည်း လျှောက်ထားခိုင်းပါတယ်။ စည်းကမ်းမလိုက်နာတဲ့ ကျောင်းသား၊ စသဖြင့် ရှိခဲ့ရင် ဆရာတော်ကိုယ်တိုင် မိဘများကို ခေါ်ယူ ဆုံးမပါတယ်။

၁၁း၀၀ ကနေ စာသင်လာလိုက်တာ ၃း၁၅ မှာ မုန့်စားဆင်းပါတယ်။ ဆရာ ဆရာမတွေက အဲဒီအချိန်ကျမှ ခဏနားရတာပေါ့။ ဆရာတော်ဆီ ဖြစ်ပျက်သမျှ လျှောက်ရင်း ဆရာတော်စွန့်တဲ့ မုန့်၊ လက်ဘက်ရည် သောက်ရင်း၊ သို့မဟုတ် ကိုယ်တိုင် ယူလာတဲ့ လက်ဘက်သုတ်စတာတွေကို စားလို့ အပမ်းဖြေရင်း ၄း၀၀ ထိနားပါတယ်။ လေးနာရီက စပြီး ၅း၀၀ နာရီထိ စာပြန်သင်ပါတယ်။ ငါးနာရီမှာ ကျောင်းသားအားလုံး ဘုရားရှိခိုး မေတ္တာပို့ရပါတယ်။ ဘာသာခြားတွေကိုတော့ နောက်မှာ ငြိမ်ငြိမ်လေး ထိုင်ခိုင်းပါတယ်။ ဘုရားရှိခိုးပြီးရင် မေတ္တာပို့ပါတယ်။ မေတ္တာပို့ပြီးရင် ဆရာတော်က သြ၀ါဒပေးစရာ ရှိရင် ကြွလာပြီး သြ၀ါဒပေးပါတယ်။ ဆရာတော်မှ သြ၀ါဒ ပေးစရာ မရှိရင် ကျောင်းအုပ် သို့မဟုတ် အတန်းပိုင်တို့ ဆုံးမစကား ပြောစရာစကားရှိရင် ပြောပါတယ်။ လုံးဝမရှိရင်တော့ ခေတ္တငြိမ်ငြိမ်လေးထိုင်ပြီးမှ ခြေသံမကြားအောင် ကျောင်းပေါ်ကနေ ကျောင်းအောက်ကို လက်အုပ်ကလေး ချီပြီး ဆင်းရပါတယ်။

ကြည့်ရှုမှုအကြိမ်ရေ 255

Older posts «